ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Monday, October 25, 2010

သပ္ပုရိသဒါန (၅) မျိုးနှင့် အကျိုးများ

   တရားဓမ္မအမွေကို ပေးဝေခဲ့သော မြတ်စွာဘုရားရှင်သည် ပေးဝေသူဖြစ်၍၊ ဗုဒတရားတော်များကို ကျင့်ကြံအားထုပ် ပူဇော်ခွင့်ရသော လူသားတို့သည် ဆက်ခံသူများ ဖြစ်ပါသည်။ ပေးဝေသူနှင့် ဆက်ခံသူတို့ကြား “သာသနာခရီး” ကမ္ဘာတည်သရွေ့ ပြန့်ပွားတည်တံ့စေရေးနှင့် ဒါန၊ သီလ၊ ဘာဝနာများ လူတိုင်း၏ နှလုံးသားတွင်ရှိနေစေရန် အထူးလိုအပ်လှပါသည်။ ဗုဒဘာသာ၏ အခြေခံအကျဆုံးမှာ”ကုသိုလ်စိတ်” ပင်ဖြစ်သည်။ ကုသိုလ်မြင့်မြတ်၊ စိတ်ထားတက်မှ မြတ်သည့်ဘ၀ လူဖြစ်ရကျိုးနပ်ပေလိမ့်မည်။ ဒါနကုသိုလ်၊  သီလကုသိုလ်၊ ဘာဝနာကုသိုလ်များတွင် ဒါနကုသိုလ်သည် သံသရာခရီး၏ အဖော်ကောင်း၊ ရဲဘော်ရဲဖက်မို့ စေတနာတရားမှ ဆင့်ပွားလျှံထွက် လာသောဒါနအကျိုးသည် အမျိုးမျိုးသောအကျိုးကို ပေးလေ၏။  ဒါနကုသိုလ်အကြောင်း ရဟန်းသံဃာတော်များထံမှ ကြားနာမှတ်သားရုံမျှဖြင့် မရောင့်ရဲသင့်ပါ၊ ပြုသမျှဒါန၊ လှူသမျှရ၊ ကုသိုလ် အနန္တလို့မှတ်ရမည်သာ။ ကိုယ်တိုင်လှူဒါန်းခြင်း၊ လှူဒါန်းရန်တိုက်တွန်းခြင်း၊ လှူသောပစ္စည်း၏အလှူမြောက်ခြင်း၊ လှူတက်၍မြတ်ခြင်းတို့၏ အကျိုးပေးကောင်းမွန်မှုသည် ယခုဘ၀တွင်ရော နောင်သံသရာတွင်ပါ ဒါနကုသိုလ် ဗုဒဘာသာဝင်များတို့အတွက် အထူးအရေးကြီးသည်။
၁။ သဒါဒါန                ကံ, ကံ၏အကျိုးကို ယုံကြည်သော သဒါတရားဖြင့် လှူဒါန်းခြင်း။
၂။ သက္ကစ္စဒါန             လှူဖွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ်အောင် ကောင်းစွာပြုလုပ်၍ လှူဒါန်းခြင်း။
၃။ ကာလဒါန             အချိန်အခါနှင့်သင့်လျှော်စွာ လှူဒါန်းခြင်း သင့်လျော်လျောက်ပတ်သော အချိန်၌      လှူဒါန်းခြင်း။
၎။ အနုဂ္ဂဟဒါန            အလှူခံပုဂ္ဂိုလ်ကို ချီးမြှောင့်လိုသော စိတ်ထားဖြင့် လှူဒါန်းခြင်း။
၅။ အနုပဟစ္စဒါန         မိမိ၊ သူတစ်ပါး မည်သူ့ကိုမျှ ဂုဏ်သရေပျက်ပြားအောင် အစွန်းအငြိ အထိအခိုက် မရှိစေပဲ လှူဒါန်းခြင်း။   ဤလှူဒါန်းခြင်းငါးမျိုးကိုသပုရိသဒါန(သူတော်ကောင်းအလှူ) ဟုခေါ်သည်ဟုစာပေမှာတွေ့ရှိရသည်။
ဤသပုရိသဒါန(သူတော်ကောင်းအလှူ)ကြောင့်ရရှိခံစားနိုင်သောအကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည် သဒါဒါနကြောင့် အဆင်းလှခြင်း၊ သက္ကစ္စဒါနကြောင့် သားမယားကျေးကျွန် အစေခံအလုပ်သမားစသော အခြွေအရံ ပရိသတ်များ မိမိစကားကို လိုက်နာခြင်း၊ ကာလဒါနကြောင့် လိုအပ်သော အကျိုးတရားတို့ကိုရရှိနိုင်ခြင်း၊ အနုဂ္ဂဟဒါနကြောင့် ရရှိသောစည်းစိမ်တို့ကို သုံးစွဲနိုင်ခြင်း၊ အနုပဟစ္စဒါနကြောင့် မိမိတို့ရရှိထားသော ပစ္စည်းဥစ္စာကို ရန်သူမျိုးငါးပါးတို့ မဖျက်စီးနိုင်ခြင်း စသောအကျိုးများကိုရရှိနိုင်ပေသည်။
ထို့ကြောင့် ယနေ့အချိန်မှာ မိမိတို့မှာ ချွေးနှင့်သွေးနှင့်ရှာဖွေရရှိလာသော ပစ္စည်းများကို တကယ်လိုအပ်သော နေရာတွင်လှူဒါန်းလိုက်သဖြင့် များစွာဝမ်းမြောက်ရမည်ဖြစ်ပါသည်။ မိမိကဘာကိုမျှ မမျှော်လင့်ပဲ လှူဒါန်းလိုက်ရသော မိမိအလှူကြောင့် အလှူခံသူမှာ တစ်စုံတရာအထောက်အပံဖြစ်သွားခဲ့လျှင် အလှူရှင်ရဲ့ ၀မ်းမြောက်မှုသည် တန်ဖိုးရှိလှပါသည်။ လှူဒါန်းလိုက်သော အလှူရှင်တို့မှာ လိုအပ်နေသော နေရာတွင် လှူဒါန်းလိုက်သဖြင့် သပုရိသဒါန ကိုပြုလုပ်လိုက်ပြီဟု ၀မ်းမြောက်ရမည်သာဖြစ်သည်။

No comments:

Post a Comment