ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Sunday, October 24, 2010

မုန်းတိုင်းသတင်း

မုန်တိုင်းပြီးခါစ ကျောက်ဖြူမြို့ အပျက်အစီး တော်တော် များများ ရှိကြောင်း ဖုန်းသတင်း အချို့အရ သိရှိရသည်။ မုန်တိုင်း မိုင်နှုန်းရာကျော် ဖြင့်တိုက်ခတ်ခဲ့ သောကြောင့် သစ်ပင်များ
ပြိုလဲပျက်စီးခြင်း၊ နေအိမ်အဆောက်အဦများ



အမိုးလန် ခြင်းဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။ အဓိက ပျက်စီးဆုံးရှုံးမှု ဖြစ်သည့် နေရာများမှာ စေတီယျရွာ ၊ ပြင်ဖြူမော် ၊ ကညင်တော ၊ ငလပွေ့ ရွာများဖြစ်ကြောင်း သိရှိရသည်။
၎င်းနေရာများသည် မူလကတည်း က မြေနိမ့်ပိုင်း ဒေသများ ဖြစ်သောကြောင့် နေအိမ်
အဆောက်အဦးများ ရေမြုပ်ခြင်း ဒဏ်ကို ခံစားရကြောင်း သိရှိရသည်။ အထူးသဖြင့်
ရေစပ်နားတွင် ဆောက်လုပ်ထားသော အိမ်များမှာ လုံးဝ ပျက်စီးသွားကြောင်း
သိရှိရသည်။
မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများသည် ယခုအခါ ကျောက်ဖြူမြို့ ရှိ သာသနာ့ ဗိမာန် ကျောင်းနဲ့ အခြား ဘုန်းကြီးကျောင်းများတွင် ပြောင်းရွှေ့ နေထိုင်လျက်ရှိကြပြီး
၎င်းသူတို့၏ စားဝတ်နေရေးအတွက် ကျောက်ဖြူမြို့ ပေါ်ရှိ လူများက
ဝိုင်းဝန်းကျွေးမွေးကာ အခက်အခဲကို တတ်နိုင်သမျှ အင်တိုက်အားတိုက်
ဖြေရှင်းနေကြ ကြောင်းသိရှိရသည်။
အောက်တိုဘာ ၂၃ရက် ည ၁၀ နာရီ ကျောက်ဖြူမှ ဖုန်းသတင်းအရ ကျောက်ဖြူမြို့ အနီးရှိ ရပ်ကွက်ကျေးရွာ များမှ ရေဘေး ဒုက္ခသည် စာရင်းမှာ-
  • ကျောက်ဖြူ ပိုက်ဆိပ်ကျောင်း(အထက(၂) )တွင် ဒုက္ခသယ်၁၃၇၅ ဦး
  • သံဖြူဘုန်ကြီးကျောင်းတွင် ၈၀၀ ကျော်
  • မူလာဒွါ ဘုန်းကြီးကျောင်းတွင်၁၀၀နီးပါး
  • သန်ပန်ချောင်းကျောင်း(အထက(၄)) တွင်၁၀၀ ကျော်
  • စိန်ပန်းဘုန်းကြီးကျောင်တွင် ၂၀၀
စုစုပေါင်း ၂၈၀၀ ကျော် အခက်အခဲရှိနေကြောင်း သိရှိရသည်။ ဆန် များမှာလဲ ၀ယ်ယူမရပါသဖြင့် မုန်းတိုင်း အခံရနည်းသော ရမ်းဗြဲ မှ မနက်ဖြန် တွင် ဆန် ကျောက်ဖြူ ကိုေ၇ာက်ရှိရန်အတွက်
ဆန်စက်မှ စပါးများကြိုက်ခွဲ နေကြောင်းသိရပါသည်။ ရန်ကုန် ရခိုင်သဟာယ
အသင်းမှလည်း ဆန်ရရှိ နိုင်ရန်အတွက် ပေါက်တောမြို့နယ်မှ ဆန်များ
အမြန်ေ၇ာက်ရှိ နိုင်ရေအတွက် ကြိုးပမ်း လျှက်ရှိကြောင်းသိရပါသည်။
ကျောက်ဖြူတွင် လူ၂၈၀၀ ကျော်အတွက် ကျန်းမာရေး ကာကွယ် အတွက်လည်း မြို့ပေါ်နေ
ပြည်သူများက ကယ်ဆယ်ရေး စခန်းများတွင် အိမ်သာများ မနက်ဖြန်တွင် အပြီး
ဆောက်လုပ်ပြီးစီးရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။ သောက်သုံးရေ
များကိုလည်း ရောဂါ ကာကွယ်ရေးဆေးများ ထည့်ပြီးမှ သောက်သုံးနိုင်ရန်
အတွက်လည်း မြို့ပေါ် ပြည်သူများက ဆောင်ရွက်နေကြပါ ကြောင်း သိရှိရသည်။
ကျောက်ဖြူ အနီးရွာများမှ သတင်းရရှိသော သတင်းမှာ မြို့ပြင်ဝန်းကျေးရွာတွင်
လူ၅ဦးခန့် သေဆုံးကြောင်း နေအိမ်များမှာ တရွာလုံးနီးပါးပျက်စီးသွားကြောင်း ၊
ကျွန်းသာယာ ကျေးရွာ တွင် အဆိုးရွားဆုံးဖြစ်ပြီး
လူအသေအပျောက်စာရင်းမရရှိနိုင်သေးကြောင်း သိရှိရသည်။ ကျောက်ဖြူ ရေတပ်ဗျူဟာမှ
ကျွန်းသာယာတွင် စခန်းချထားကြောင်း နှင့် ရေတပ်ဗျူဟာမှ စားနပ်ရိက္ခာ
အပြည့်နှင့် စက်လှေများ ကျွန်းသာယာကျေးရွာသို့ ယနေ့
ထွက်သွားကြောင်းသိရှိရသည်။

နောက်ဆက်တွဲ သတင်းများအရ ဆန်များ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ငါးဖမ်းသဘောင်္များမှ ဒုက္ခသည် များအတွက် ငါးများလှုဒါန်းခဲ့ကြောင်း ၊
သို့သော်လည်း ငါးများကို ထိန်းသိမ်းထားရန် အအေးခန်း များလိုအပ်ကြောင်း ၊
လက်ရှိ မည်သည့်အအေးခန်းကမှ စကားကမ်းလှမ်းမှု မရှိသေးကြောင်း သိရှိရသည်။

No comments:

Post a Comment