ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Friday, September 3, 2010

ဗုဓဂယာမဟာဗောဓိစေတီဝင်းအတွင်းAdd caption

Monday, August 30, 2010

မဟာပရိနိဗ္ဗာနစေတီတော်


    ဤစေတီတော်မြတ်ကို မြတ်စွာဘုရား ပရိနိဗာန်စံတော်မူရာနေရာ၌ တည်ထားခြင်းဖြစ်သည်၊ စေတီဒါယကာကို မည်သူဟုတိတိကျကျ မသိရချေ အဆင့်ဆင့် ထပ်ကာထပ်ကာ တည်ဆောက်ခဲ့ကြသည်။ အေဒီ ၅ ရာစုက တစ်ကြိမ်ပြင်ဆင်ခဲ့ကြသည်။ ကျောက်စာဌာနက တူးဖော်သောအခါ စေတီအတွင်းမှ ကြွေအိုးကြီးတစ်လုံး တွေ့ရှိရသည်၊ ထိုကြေးအိုးကြီး အတွင်း၌ အဖိုးတန်ပစ္စည်းများစွာပါဝင်သည်။ ၄င်းတို့အနက် အရေးကြီးဆုံးသော အဖိုးတန်ပစ္စည်းတခုမှာ ကြေးပုရပိုက်တဆူဖြစ်သည်။ ထိုပြင့် ကုမာရရုတ္တ (၄၁၃-၄၅၅) ခေတ်က ဒင်္ဂါး ၆ ပြားတွေ့ရသည်။ ကြေးပြားပေါ်တွင် ပဋိစ္စသမုပါဒ် တရားတော်ကို သက္ကတဘာသာဖြင့် ရေးထိုးထားသည်၊ အဆုံး၌ ဟရဗလသာမိ၏ ကောင်းမှုဖြစ်သည်။ “ဤကြေးပြားကို ပရိနိဗ္ဗာနစေတီအတွင်း၌ ဌာပနာခဲ့သည်”။ ဟုရေးထိုးထားသည်။ စေတီတော်ဒါယက် ဟရိဗလနှင့် ရုပ်ပွားတော်ဒါယကာ ဟရိဗလတို့ တစ်ဦးတည်းပင်ဖြစ်သည်ဟု ယူဆရသည်။ တရုပ်ရဟန်းတော် ဟူယင်ဆန်သည် ဤစေတီတော် ကိုဖူးခဲ့ရကြောင့် မှတ်တမ်းတင်ခဲ့သည်။ 
      ဤစေတီတော်ကို ကျောက်စာဌာနက ထွင်းဖေါက်ရှာဖွေပြီးနောက် ၁၉၁၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဟင်္သာတမြို့သား ဦးဖိုးကျားက ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည်။ ညာဏ်တော်အမြင့်မှာ ၁၆၇ ပေရှိသည်။ ထိုခေတ်က အိန္ဒိယရူပီးငွေ ၁၈၀၀၀ ကုန်ကျခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ထီးတော်ကို နေရောင်ဟပ်သောအခါ ရွှေရောင်တလတ်လတ် တောက်ပလျက်ရှိသည်ကို ဖူးတွေ့နိုင်သည်။ သို့ရာတွင် လွန်ခဲ့သည့် ၃၀ နှစ်ခန့်က ငလျင်လှုပ်သဖြင့် ဖောင်းရစ်မှစ၍ ပြိုကျပျက်စီးခဲ့သည်။ အတွင်းရှိ ရွှေဆင်းတုတော် အစရှိသော အဖိုးတန် ဌာပနာပစ္စည်းများ မပျောက်ပျက်စေရန် မြန်မာနိုင်ငံမှ ရခိုင်ဆရာတော်ဦးစနြမဏိက စောင့်ရှောက်ထားခဲ့သည်။ အိန္ဒိယကျောက်စာဌာနက စေတီတော်ကို ပြန်လည်တည်ဆောက်ခဲ့သည်။
ကောင်းတာလုပ်ဖို့ကောင်းသောစကားကိုပြောကြပါနော် ဘယ်အရာမဆိုလိုရင်းသာကောင်းပါသည်။