ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Tuesday, August 17, 2010

ကုသိနာရုံ

 အိန္ဒိယနိုင်ငံတွင်တည်ရှိသောကုသိနာရုံသည် ဗုဒ္ဓဘာသာဝင်တို့၏အထွက်အမြတ်ထားရာနေရာဒေသတစ်ခုဖြစ်သည် ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံဝင် ခါနီး အရှင်အာနန္ဒာအားမိန့်တော်မူခဲ့သည်၊ အာနန္ဒာ ငါဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက် သဒ္ဓါတရားနှင့်ပြည့်စုံသောအမျိုးကောင်းသား သမီးတို့သည် ဤနေရာဒေသသို့ ဘုရားဖူးရန်လာရောက်ကြလိမ့်မယ်ဟု ဗုဒ္ဓမြတ်စွာကိုတိုင်မိန့်တော်မူခဲ့ရာ သံဝေဇနိယလေးဌာနတွင် တစ်ခုအပါအ၀င်ဖြစ်၍ ဗုဒ္ဓဘာသ၀င်တို့အဖို့ လာရောက်ဖူးမြော်ရန်ကောင်းသောနေရာတစ်ခုဖြစ်သည်။ ကမ္ဘာနိုင်ငံအသီးသီတို့မှလည်းနေ့စဉ်နှင့်အမျှ လာရောက်နေသောနေရာဒေသတစ်ခုဖြစ်သည်။