ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Monday, October 25, 2010

မုန်းတိုင်းသင့်ဒေသများသို့အလှူ

မကြာခင်က ရခိုင်ပြည်ကိုဝင်ရောက် တိုက်ခိုက်ခဲ့သော ဂီရိအမည်ရှိ ကြောက်မတ်ဖွယ် မုန်တိုင်းကြီးကြောင့် ပျက်စီးသွားသော နေရာများ၌ လူများစွာတို့သည် ဒုက္ခပေါင်းစုံနှင့်ရင်ဆိုင်နေရပြီး ဘုန်းတော်ကြီးကျောင်းများ စာသင်ကျောင်းများမှာ ဖြစ်သလိုနေထိုင်နေရသည်။ ထို့ကြောင့် ယခုအချိန်တွင် များစွာသော ကူညီမှုများကို စောင့်မျှော်လျှက်ရှိသည်ဟုသိရှိရသည်။ သို့ပါသောကြောင့် အိန္ဒိယနိုင်ငံရောက် ရခိုင်ရဟန်းတော်များ အနေနှင့် တက်နိုင်သမျှလှူဒါန်းနိုင်ရန်  U Chandramani Student Welfare Association (ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း) ကြီးမှ အဖွဲ့ဝင်သံဃာတော်များ ဦးဆောင်ပြီး အိန္ဒိယနိုင်ငံရှိ ဘုန်းတော်ကြီးကျောင်းများ တက္ကသိုလ်အသီးသီးတို့၌ ပညာသင်ယူနေကြသောရဟန်းတော်များကို အလှူခံလျှက်ရှိပါသည်။ ထို့ကြောင့် မိမိတို့မှာ ရှာဖွေရရှိထားသော ပစ္စည်းများကို လိုအပ်သော အချိန်အခါတွင် လှူဒါန်းရခြင်းဖြစ်သောကြောင့် များစွာအကျိုးရှိပါသည်။

  ဆက်သွယ်လှူဒါန်းနိုင်သောနေရာများ
         
  ဦးအဂ္ဂ၀ံသ (မဂဓတက္ကသိုလ်) ဖုန်း 0091-9546797640 
  ဦးမေဓာသာရ (နာလန္ဒာတက္ကသိုလ်) ဖုန်း 0091-9931012999

No comments:

Post a Comment