ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Saturday, October 9, 2010

တရားအားထုပ်ရမည့်အရွယ်

        တရားအားထုပ်တာမှာ အသက်အရွယ်နှင့် မဆိုင်ပါ မြတ်ဗုဒလက်ထက်တော်က အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ သင့်တော်သော တရားတော်များကို သင်ယူ လိုက်နာ ကျင့်သုံးပြီး တရားထူးရရှိသွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိခဲ့သည်ကို စာပေမှာတွေ့ရှိရသည်။ တကယ်တော့ တရားအားထုပ်ခြင်းသည် ငယ်ရွယ်တုန်းမှာ အကောင်းဆုံး အသင့်တော်ဆုံးဖြစ်သည်။ ငယ်လျှင် ငယ်သည့်အလျှောက် သင့်တော်သော တရားတော်ကို သိဖို့သာလိုအပ်သည်။ ထို့ကြောင့် မိမိတို့နှင့် နီးစပ်ရာ တရားရိပ်သာများ၊ ကိုးကွယ်ရာဆရာသမားများ ထံမှာသင့်တော်သော တရားတော်များကို သင့်ယူရန်လိုအပ်သည်။
      အဘယ်ကြောင့်ဆိုသော် ကြက်တူရွေးကို အသက်ကြီးလို့ လျှာထူမှ စကားပြောသင်လျင် ဘယ်လိုမှ မတက်နိုင်တော့တဲ့အတွက် အသက်ငယ်တုန်း လျှာပါးစဉ်သင်မှ အလွယ်တကူ ကျွမ်းကျင်စွာ တက်မြောက်နိုင်သည်။ ထို့အတူ တရားကိုလည်း ငယ်ရွယ်စဉ် သန်တုန်း မြန်တုန်း ဥာဏ်ရည် ဥာဏ်သွေားကောင်းတုန်းမှာ အားထုပ်သင့်သည်။
        နို့ချဉ်တွေကို နေထွက်ပြီးမှ ကျိုချက်ရင် ထောပတ်ကောင်း မဖြစ်နိုင်တော့တဲ့အတွက် မိုးမလင်းခင် ပြုပြင် ကျိုချက်သင့်သည်။ အသက်အရွယ်ရလာမှ တရားအားထုပ်လျှင် စိတ်သွားတိုင်းကိုယ်မပါဖြစ်တက်၍ ထင်သလောက် ခရီးမပေါက်နိုင်ပါ ထို့ကြောင့် အချိန်မရွေးပဲ  အားထုပ်သင့်သည်။
       သရက်သီးမှည့်တွေဟာ ငှက်တွေ ထိုးသုတ်ပြီးမှဆိုရင် ကိုယ်စားလို့လည်းမရ၊ သူများကိုလှူလို့လည်း မရနိုင်တော့တဲ့အတွက် ငှက်တွေ မထိုးသုတ်သေးခင် အလျင်အမြန်ခူးပြီး ကိုယ်တိုင်လည်းစား ဘုရားစတဲ့ သူတော်ကောင်းများကိုလည်း ကပ်လှူသင့်ပါသည်။ ထို့အတူပင် အရွယ်လွန်မှ တရားအားထုပ်မယ်ဆိုတာ မဖြစ်နိုင်တော့ပါ အရွယ်မလွန်ခင် ကိုယ်တိုင်လည်း အားထုပ်ပြီး သူများကိုလည်း အားထုပ်ဖြစ်အောင် တိုက်တွန်းသင့်သည်။
အဲဒီဥပမာလေးတွေလိုပဲ လူဟာလည်း အသက်ကြီးမှဆိုရင် စိတ်နေစိတ်ထားတွေက မဖြူစင်၊ အနှစ်မဲ့တဲ့ လောကီအာရုံ အမျိုးမျိုးကအရိပ်ထင်၊ ကိုယ်အား ဥာဏ်အားတွေက စိတ်သွားတိုင်းမပါချင်တော့တဲ့အတွက်၊ ကုသိုလ်ပဲဖြစ်ဖြစ်၊ အကုသိုလ်ပဲဖြစ်ဖြစ်၊ ပြည့်ပြည့်၀၀ မလုပ်နိုင်တော့ဘူး၊  အားမထုပ်နိုင်တော့ဘူး။ ဒါကြောင့် ငယ်ရွယ်တုန်း၊ သန်တုန်း မြန်တုန်း၊ စိတ်နေစိတ်ထား ဖြူစင် သန့်ရှင်းတုန်း၊ ဥာဏ်ရည် ဥာဏ်သွေး ထက်မြတ်တုန်း လူငယ်ဘ၀ဟာ ရဟန်းပြုဖို့ရော ကုသိုလ်အလုပ် အကုသိုလ်အလုပ် တရားအလုပ်တို့ကို အားထုပ်ဖို့ရာ အကောင်းဆုံးပဲဖြစ်သည်။ ထို့ကြောင့် သူတော်ကောင်းများအားလုံး မိမိတို့ရောက်နေတဲ့နေရာမှာ မိမိတို့နှင့် သင့်တော်မည့်တရားတော်များကို သင်ယူပြီး အားထုပ်ဖြစ်ဖို့သာ ပဓာနဖြစ်ပါသည်။

2 comments:

  1. တင်ပါ့ ဘုရား။ တပည့်တော် မှတ်သား လိုက်နာ နိုင်အောင် ကြိုးစားပါ့မည်။

    အရှင်ဘုရား ငြိမ်းချမ်းပါစေ

    ReplyDelete
  2. အရမ်းကို မှန်ကန်လွန်းပါတယ် ဘုရား။
    သုံးနှုံးထားတဲ့ ဥပမာလေးတွေကလည်း ရင်ကိုထိလွန်းရပါတယ်။
    ကိုယ့်ကိုယ်ကို လည်းအားမရဖြစ်မိပါတယ်ရှင်။ :)
    ခင်မင်လေးစားမှုများစွာနှင့်......ခင်မာလာအောင်...:)

    ReplyDelete