ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Friday, November 12, 2010

ဗုဒ္ဓဘာသာဝင်တို့ရဲ့ဝိသေသလက္ခဏာ


         ဗုဒ္ဓဘာသာ သို့မဟုတ် ဗုဒ္ဓဘာသာဝင်တို့၏ ၀ိသေသလက္ခဏာ(ထူးခြားသည့်အမှတ်အသား) မှာ ကံ ကံ၏ အကျိုးတရားကို ယုံကြည်မှုပင်ဖြစ်သည်။ ကံ ဆိုသည်မှာ အလုပ်ဖြစ်သည်၊ ထို ကံဟူသော အလုပ်သည် ကိုယ်ဖြင့်ပြုလုပ်သော အလုပ်(ကာယကံ) နှုတ်ဖြင့်ပြုလုပ်သော အလုပ်(၀စီကံ) စိတ်ဖြင့် ပြုလုပ်သောအလုပ်(မနောကံ) ဟူ၍ သုံးမျိုးရှိသည်။ ထိုကံသုံးမျိုးတို့ဖြင့် “ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြော” လျှင် ကောင်းသောအလုပ်၊ ကောင်းသောကံဖြစ်သည်။ “မကောင်းတာကြံ၊ မမှန်တာလုပ်၊ မဟုတ်တာပြော” လျှင် မကောင်းသောအလုပ်၊ မကောင်းသောကံဖြစ်သည်။                      ထိုသုံးမျိုးအနက်   
၁။ သူ့အသက်သတ်မှု။ ၂။ သူ့ဥစ္စာ ခိုးမှု။ ၃။ ကာမဂုဏ်ရေးရာ အမှားကျင့်မှု။ ဤသုံးမျိုးတို့သည် လက် ခြေ ခန္ဓာကိုယ်ဖြင့် ပြုလုပ်လွန်ကျူးရသော “ကာယကံ” ကာယဒုစရိုက်များဖြစ်သည်။  ၁။ လိမ်ညာ ပြေဆိုမှု။ ၂။ ဂုံးတိုက်သွေးခွဲမှု။ ၃။ ကြမ်းကြမ်းတမ်းတမ်းပြောဆိုမှု။ ဆဲရေးမှု။ ၄။ အသိမ်အဖျင်း၊ အတင်းအဖျင်းပြောဆိုမှု ဤလေးမျိုးတို့သည် နှုတ်ပါးစပ်ဖြင့် ပြောဆိုလွန်ကျူးရသော “၀စီကံ” ၀စီဒုစရိုက် များဖြစ်ကြသည်။   ၁။သူတစ်ပါး စည်းစိမ်ကို ကိုယ့်စည်းစိမ်ဖြစ်စေလိုမှု၊ မတရားလိုချင်မှု။ ၂။ သူတစ်ပါးအား မကောင်းကြံမှု။ ၃။ အယူအမြင်မှားယွင်းမှု၊(ကံ ကံ၏အကျိုးကိုမယုံကြည်မှု) ဤသုံးမျိုးတို့သည် စိတ်ဖြင့်ကြံစည် ကျူးလွန်ရသော “မနောကံ” မနောဒုစရိုက်များဖြစ်ကြသည်။
        ဤသို့လျှင် မကောင်းသောအလုပ်၊ မကောင်းသောကံသည် ကာယကံ သုံးပါး၊ ၀စီကံ လေးပါး၊ မနောကံ သုံးပါး ပေါင်း ဆယ်ပါးကို မကောင်းသော အကျင့်စရိုက်များ ဖြစ်ကြသောကြောင့် ဒုစရိုက် ဆယ်ပါး ဟုလည်းခေါ်သည်။ အပြစ်လည်းရှိ မကောင်းကျိုးကိုလည်း ပေးတက်သောကြောင့် “အကုသိုလ်” ဟုလည်းခေါ်သည်။ ထိုမကောင်းမှု အကုသိုလ် ဒုစရိုက် ဆယ်ပါးအနက် ၁။ သူ့အသက်သတ်လျှင် ကိုယ့်အသတ်တို၏။ ၂။ သူ့ဥစ္စာကိုခိုးလျှင် ကိုယ့်စီးပွါးဥစ္စာပျက်စီးတက်၏။ ၃။ ကာမဂုဏ်ရေးရာ အမှားကျင့်သုံးလျှင် ရန်သူများ၏၊ ရောဂါများတက်၏၊ အရက်သေစာ မူးယစ်ဆေးဝါးသုံးစွဲလျှင် အမေ့သန်တက်၏ ရူးတက်၏။ ၄။ လိမ်ညာပြောလျှင် အစွပ်စွဲခံရတက်သည်။ ၅။ ဂုံးတိုက် သွေးခွဲပြောဆိုလျှင် ချစ်သူနှင့် ကွေကွင်းရတက်သည်။ ၆။ ကြမ်းကြမ်းတမ်းတမ်းပြောဆိုလျှင်  နားခါးရတက်သည်။ မကောင်းသော စကားများကိုကြားရတက်သည်။ ၇။ အသိမ်အဖျင်း အတင်းအဖျင်းပြောလျှင် သူတစ်ပါးက ကိုယ့်အပေါ် ယုံကြည်မှုကင်းမဲ့တက်သည်။ ၈။ သူတစ်ပါးပစ္စည်း မတရားလိုချင်လျှင် သူတစ်ပါး၏ ငြူစူမှုခံရတက်သည်။ ၉။ သူတစ်ပါးကိုမကောင်းကြံလျှင် လူမုန်းခံရတက်သည်။ ၁၀။ အယူအမြင်မှားလျှင် ဆင်းရဲဒုက္ခများတက်သည်။ ဤသို့ မကောင်းတာကြံ၊ မမှန်တာလုပ်၊ မဟုတ်တာပြောလျှင် အထက်ပါ မကောင်းကျိုးအသီးသီးကို ရရှိတက်သည်ဟု ယုံကြည်ခြင်းသည်ပင် ဗုဒ္ဓဘာသာဝင်တို့၏ ၀ိသေသလက္ခဏာပင်ဖြစ်သည်။
၁။ သူ့အသက်မသတ်လျှင် ကိုယ့်အသက်ရှည်၏။ ၂။ သူ့ဥစ္စာမခိုးလျှင် ကိုယ့်စည်းစိမ်ဥစ္စာ ခိုင်မြဲသည်။ ၃။ ကာမဂုဏ်မလိုက်စားလျှင် ရန်သူကင်း၏ ရောဂါကင်း၏။ အရက်သေစာ မူးယစ်ဆေးဝါးကို ရှေင်ကြည်လျှင် သတိကောင်း၏။ ၄။ မလိမ်မညာလျှင် သူတစ်ပါး စွပ်စွဲမှုကင်း၏။ ၅။ ဂုံးမတိုက်၊ သွေးမခွဲလျှင် ချစ်ခင်သူနှင့် ပေါင်းသင်းရတက်၏။ ၆။ ချိုချိုသာသာပြောလျှင် ကောင်းသောစကားကိုသာ ကြားရတက်၏။ ၇။ အသိမ်အဖျင်း အတင်းအဖျင်း မပြောလျှင် သူတစ်ပါး၏ ယုံကြည်မှုကို ခံရတက်၏။ ၈။ သူတစ်ပါးပစ္စည်း မတရားမလိုလျှင် အများက ကိုယ့်ကိုကြည်ဖြူတက်၏။ ၉။ သူတစ်ပါးအကြောင်း အကောင်းကြံလျှင် သူတစ်ပါး၏ ချစ်ခင်မှုကို ခံရတက်၏။ ၁၀။ အယူအမြင် မှန်ကန်လျှင် ချမ်းသာသုခ ပွါး၏။ ဤကဲ့သို့သော ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြောလျှင် အထက်ပါ ကောင်းကျိုးအသီသီးကို ရရှိနိုင်သည်ဟု ယုံကြည်ခြင်းသည်ပင် ဗုဒ္ဓဘာသာဝင်တို့၏ ၀ိသေသလက္ခဏာဖြစ်သည်။ ဤမကောင်းမှု အကုသိုလ် ဒုစရိုက်များကို မလွန်ကျူးပဲ ရှောင်ကြည်ခြင်းသည် “မကောင်းမှုမှန်သမျှ ရှောင်ပါ” ဟူသော ဘုရားရှင်တို့၏ ပထမ စကားတော်ကို လိုက်နာရာရောက်၏။ တနည်း ဘုရားစကား နားထောင်သူ၊ ဗုဒ္ဓဘာသာ သူတော်ကောင်း ဗုဒ္ဓသာဝက အစစ်ဖြစ်၏။
               ဤမကောင်းမှု အကုသိုလ်၊ ဒုစရိုက်များကို လွန်ကျူးလျှင် လက်ရှိအခြေအနေထက် နိမ့်ကျသော ငရဲ၊ တရိ စ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဘ၀သို့ရောက်ရတက်၏။ ထို့ကြောင့် လက်ရှိ အခြေအနေထက် အောက်တန်း၊ နောက်တန်းမကျလိုသူတို့သည် ဤမကောင်းမှု အကုသိုလ် ဒုစရိုက်များကို ရှောင်ကြည်သင့်ပေသည်။
  အားလုံးသော ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများ မကောင်းသော အကုသိုလ် ဒုစရိုက်များမှ ရှောင်ကြည်နိုင်ကြပါစေ……
                       မေတ္တာဖြင့်
                       အရှင်န္ဒောဘာသ(သန္တာမြေမှကြယ်တစ်ပွင့်)        12-11-2010

No comments:

Post a Comment